မှတ်မိနေမည် မနီလာ အပိုင်း (၃)
ကျွန်တော် တက္ကစီက ဆင်းတော့ Venice Grand Mall ကြီးက စောင့်ကြိုနေလေရဲ့၊ သူ့ပုံစံက Venice မြို့ရဲ့ လှေလေးတွေနဲ့သွားလာလို့ ရတဲ့ ပုံ ကို ယူထားတာပေါ့၊ အာရှရဲ့ ဗင်းနစ် အထဲမှာတော့ အီတလီ အစားအသောက်တွေ ဖြစ်တဲ့ ပါစတာ၊ ပီဇာ နဲ့ ဂျီလာတို ဆိုင်တွေက နေရာယူ ထားတယ်၊ကျွန်တော် ကတော့ တွေ့တာ က Peri Peri chicken.. လွန်ခဲ့တဲ့နှစ်များက ကျွန်တော် အရင် နေခဲ့တဲ့ ရန်ကုန် ယောက်လမ်း မှာ ဒီဆိုင်ဟာ franchise လာ ဖွင့်ပါတယ်။ အမှတ်တရ များစွာ ရှိခဲ့ပြီး အဲ့ က ကြက်ကင် ဟာ လည်း အရမ်း နူးညံ့ပြီး စားကောင်းပါတယ်၊ Pic: Vanice Grand Canal Mall ဒီလိုနဲ့ ကျွန်တော် peri peri မှာ အလွမ်းပြေ နေ့လည်စာ စားခဲ့ပါတယ်။ စားပြီးတော့ mall ထဲ ဟိုနားသွား ဒီနားသွားလျှောက်ကြည့်ရင်း အပေါ်ဆုံးထပ်ကို တက်လာဖြစ်တယ်၊ အပေါ်ဆုံးထပ် မှာ chapel 💒 လေး တစ်ခု ရှိတယ်။ ကျွန်တော်က ဗုဒ္ဓဘာသာ ဖြစ်တာကြောင့် ဘုရားကျောင်း မရောက်ဘူးပါ.. chapel ဆိုတာက တော့ cathedral လောက် မကြီးတဲ့ ဘုရားကျောင်းပေါ့နော်။ မောမောနဲ့ ဘုရားကျောင်း ထဲဝင်လိုက်တဲ့ အခါ အဲကွန်းကြောင့်လား ယေရှု အရိပ်အာဝါသ ကြောင့်လား မသိ .. အလွန်ပူနေတဲ့ မနီလာရဲ့ နေက နေ သက်သာသွားပါတယ်.. Chapel ထဲမှာ ကျွန်...