၁၂ နှစ်တာ ဧည့်သည် - စလုံးနှင့်ကျနော်
ကျွန်တော့်ဇာတိမြေကို နောက်ဆုံးလျှောက်ခဲ့ရတာ ဘဝပေါင်းများစွာ ခြားသွားသလို ခံစားရတယ်။ တစ်ချိန်တုန်းက—ဟုတ်ပါတယ်၊ အခုထိ မှတ်မိနေတုန်းပါပဲ— ကျနော်နှ့လုံးသားဟာ မျှော်လင့်ချက်တွေ စိတ်အားထက်သန်မှုတွေနဲ့ ၊ အကန့်အသတ်မရှိတဲ့ အိပ်မက်တွေနဲ့ တဒိန်းဒိန်းခုန်ခဲ့တာပေါ့။ အဲဒီတုန်းက ကျနော်ဟာ ကလေးတစ်ယောက်ပါပဲ၊ ကမ္ဘာကြီးရဲ့ ရိုက်ခတ်မှု တွေကို မခံခဲ့ရသေးဘူး၊ လေယာဉ်ပေါ်ကို ခြေတစ်လှမ်းမျှ တင်မကြည့်ဖူးသေးတဲ့ ကလေး တစ်ယောက် ပေါ့ဗျာ.... ခုတော့ ပြန် စဉ်းစားရင် လွန်ခဲ့သော (၁၂) နှစ်…ဒီလို အတာသင်္ကြန်မတိုင်ခင်ကာလ မျိုးမှာ ကျနော်ဟာ စင်္ကာပူသွားမယ့် လေယာဉ်စီးဖို့ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးမှာပေါ့… ရောက်လာတော့ ချန်းဂီအပြည်ပြည်ဆိုင်ရာလေဆိပ်— ကြီးကျယ်လိုက်တာ၊ သူစိမ်းတိုင်းပြည်ရဲ့ ဆန်းကြယ်မှုတွေနဲ့ ပြည့်နေတာ။ အဲဒီနေ့ရဲ့ အသေးစိတ်တွေက ဓာတ်ပုံဟောင်းတစ်ပုံရဲ့ ဝါကျင့်နေတဲ့ အနားသားလို မှေးမှိန်လာခဲ့ပြီ။ ဒါပေမယ့် အဲ့နေ့ရဲ့ မလတ်ဆတ်တော့တဲ့ မှတ်ညဏ်တစ်ခုက — အပြင်မှာ စောင့်နေတဲ့ ကျနော့အစ်ကိုနဲ့ သူ့ဂျူနီယာ တဦးရဲ့ မျက်နှာ။ သူတို့ဟာ အဲဒီတုန်းက ထိုတိုင်းပြည်မှာ ရောက် ရှိနေပြီးသားပေါ့.. ကျနော့ကို သူတို့ရဲ့ နေအိမ်...
Comments
Post a Comment